ခရစ္စမတ်အကြို ပြီးတော့ နှစ်သစ်အကြို

>> Thursday, December 17, 2009


ရင်ခုန်နေလား
ဟိုတယ်ကြီးတွေ၊ စူပါမားကပ်ကြီးတွေ၊ ဆေးရုံတွေ၊ ရှုခင်းသာတွေမှာ
မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ
ခရစ္စမတ်အထူးအစီအစဉ်ဆိုပဲ။

နှစ်က အသစ်စက်စက် ဒီဇိုင်းအသစ်နဲ့ အဟုတ်သားရောက်လာမှာလား
မနှစ်က၊ ဟိုနှစ်က၊ တစ်နှစ်ကပုံစံအတိုင်းပဲ ရောက်လာမှာလား။

အနီရောင်၊ အစိမ်းရောင်တွေနဲ့ ခရစ္စမတ်သစ်ပင်နံဘေး
ဘာထိုင်ငေးနေမိပါလိမ့်

ငေးမနေနဲ့ လာထား ပျော်ပျော်ရွှင်ရွှင် (ကကြမယ်)
အကြမ်းလား အနုလား၊ ဘီလား ၀ီလား၊ ၀ိုင်လား စပိုင်လား
ဘာသောက်ပြီး ကြိုမလဲ
ခရစ္စမတ်မှာ နှစ်သစ်ကူးညမှာ
ကဲချင်သလောက် ကဲကြပါ
စိုင်းစိုင်းတို့အဖွဲ့ ၊ ဂျေမီတို့အဖွဲ့ ၊ ဂျောက်ဂျက်တို့အဖွဲ့ က ဘယ်နေရာမှာ ဘယ်လို
အီမီနန်က ဘယ်နေရာမှာ ဘယ်လို
လီဆာကူနီကိုက ဘယ်နေရာမှာ ဘယ်လို
အထာတွေမရှိ လွတ်လပ်စွာ

ပျော်မယ်ဆိုရင်လည်း အတွင်းကျကျနစ်ဝင်သွားတဲ့အထိ ရင်ခုန်အိဖိမ့်သွားပါစေ...
ပျော်ကြပါ ရွှင်ကြပါ ခရစ္စမတ်အကြိုညမှာ
ရင်ခုန်ကြပါ နှစ်သစ်ကူးညမှာ
စဉ်းစားကြပါ အသစ်ဆိုပေမယ့် မနှစ်ကလိုပဲဆိုတာကို
သတိ..ကံစမ်းမဲတွေ ဘ၀အကြောင်းတွေ အပြည့်ထည့်ထားတဲ့ အခန်းကို
၂၀၁၀ ခုနှစ်က တံခါးလာခေါက်နေပါတယ်။

2 comments:

မနန်း December 17, 2009 7:24 PM  

စဉ်းစားကြပါ အသစ်ဆိုပေမယ့် မနှစ်ကလိုပဲဆိုတာကို
သတိ..ကံစမ်းမဲတွေ ဘ၀အကြောင်းတွေ အပြည့်ထည့်ထားတဲ့ အခန်းကို
၂၀၁၀ ခုနှစ်က တံခါးလာခေါက်နေပါတယ်။

ဟုတ်တယ်နော်
၂၀၁၀ ရောက်တော့မယ်

ဂျစ်တူး ( မုံရွာ ) December 17, 2009 7:32 PM  

အင်း------
၂၀၁၀ ရယ်-----
အသက်တနှစ်ကြီးသွားတဲ့မှတ်တိုင်ကြီးပါလား----
နောက်ထပ်ဒီလိုမှတ်တိုင်တွေဘယ်နှစ်ခုဖြတ်ရအုံးမလဲ---
ရင်တော့ခုန်တယ်ဘယ်လိုခုန်သလဲမပြောပြတတ်ဘူး-