ဖယောင်းတိုင်တစ်တိုင် မီးအလင်းဝါကျင်ကျင် နာရီသံ သူငယ်ချင်းရဲ့  ဖုန်းပွားသံ
သေနတ်သံလိုလို နှစ်ချက်ကြားတယ်၊ ဒီမြို့  ဒီတော ဒီတောင် ဒီဒေသ
မိခင်နိုင်ငံက ရေမြေလို ဒုတိယရေမြေပေါ်မှာ ငါးရှည့်လို ဖမ်းရခက်တဲ့ ငွေကို ဖမ်းတယ်
ရှမ်းစကားမတတ်လည်း ကြောက်စရာမလို၊ ဒီက နင်းပြားတွေ အကုန်လုံး မြန်မာလို ပြောကြတယ်။
ုစုမိဆောင်းမိထားတဲ့ ဘတ်လေးတွေ ကျစ်ကျစ်ဆုပ် တောမောင်းလာရင် အကုန်ပါသွားမှာ ကြောက်နေမိ။
ကက်ဆက်မြင်ရင် ယူ၊ ကြက်တွေ့  ရင် ဖမ်း၊ ပုလိပ်ခွေးတွေ
ကိုယ့်လူသွေး ကိုယ်ပြန်စုပ်တာက ကမ္ဘာမှာ စိတ်ပျက်စရာ အဟုတ်ကို စိတ်ပျက်စရာ
မနေ့ညက အပေါ်ကိုတက်တဲ့ မြန်မာကိုးယောက် ၄၃ မှာ အသတ်ခံရတဲ့သတင်း
လရောင်ပျပျ အင်ဖက်တဲလေးပေါ်ကနေ အမေနဲ့ အမေ့မြေကို လွမ်းမိတယ် ရင်နဲ့အမျှ လွမ်းမိတယ်။
အမေရေ...
မျှော်လင့်ချက် ဖြစ်ရိုးဖြစ်စဉ် အနာဂတ်ထဲ
တောင်ကုန်းလိုလို နိမ့်လာတယ်၊ လေရိုင်းလိုလို ထုံတယ်
နေလိုလို ပူတယ်၊ မီးခိုလိုလို မွှန်းတယ်၊ ကျီးကန်းလိုလို လန့်တယ်
ငါးရံ့လိုလို အရှင်ရောင်းကြတယ်၊ ဖားလိုလို ကြိုးချည်ခံရတယ်
ဆင်လိုလို နင်းကြတယ်၊ ယပ်တောင်လိုလိုပြားရတယ်
ကြောင်တစ်ကောင်လို ဟိုကပ်ဒီကပ် လုပ်ရတယ်။
သား...ဘယ်နေ့...ပြန်...လာ...ခဲ့...ရ...မလဲ...
အမှန်ခြစ် ခြစ်စရာမရှိတဲ့ ငါ့ပြက္ခဒိန် အစုပ်အပြဲ ဘတ်တွေများများစားစား ရေတွက်နိုင်တဲ့တစ်နေ့မှာ
ကိုယ့်မြေ ကိုယ့်ရေကို လွမ်းပေမယ့် ဟိုရောက်တော့လည်း ဘာမှလုပ်မစားတတ်လေတော့
ဒီမြေပေါ်မှာပဲ ရေနစ်မသေအောင် ကူးနေရသေးတယ်
အင်္ကျီအိတ်ကပ်ထဲမှာ ဘတ်တစ်ထောင့်လေးရာနဲ့ ကျွန်တော်အသက်ရှူသံလေး
ဒီနေ့အထိတော့ ကျန်ရှိနေသေးရဲ့ ။
3 comments:
ဘာပြောရမှန်းတောင်မသိဘူး။
အမြန်ဆုံး
ဆန္ဒနဲ့ဘ၀တထပ်တည်းကျပါစေ။
ခွန်သဒ္ဒါ
အေးဗျာ။ ကိုယ်ချင်းစာမိပါတယ်။ အမေ့ဆီ အမြန်ပြန်နိုင်ပါစေ
ကဗျာခေါင်းစဉ်ဖတ်ပြီးလန့်သွားတယ်
Post a Comment